#NextGen Advocate
BBC:

The following is from BBC's article, "မိုဘီဂျီနို နဲ့ ဆီးနိတ်အမတ်ဖြစ်ချင်သူ:"

မိုဘီဂျီနို နဲ့ ဆီးနိတ်အမတ်ဖြစ်ချင်သူ

25 ဖေဖော်ဝါရီ 2016 17:57 GMT နောက်ဆုံး ရေးသားသည်။

ဂျော့ရွှာချစ်ထွန်းဟာ ၅ နှစ်သားမှာ အမေရိကန် ရောက်

မိုဘီဂျီနို အစီအစဉ်ကနေ ကြိုဆိုပါတယ်။

ဒီတစ်ပတ်မှာတော့ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယား ပြည်နယ်ကနေ ဆီးနိတ် အထက်လွှတ်တော်အမတ်ဖြစ်ဖို့ ကြိုးစားနေတဲ့ မြန်မာပြည်ဖွား အမေရိကန်လူငယ်တစ်ဦး အကြောင်း တင်ဆက်ပေးထားပါတယ်။

ကိုဂျော်ရွှာချစ်ထွန်းဟာ မြန်မာပြည်မှာ မွေးပြီး အမေရိကန်မှာ ကြီးပြင်းတဲ့ လူငယ် တစ်ဦးပါ။

အဘိုးဖြစ်သူ ဝေါ်လ်တာ ချစ်ထွန်းကတော့ မြန်မာပြည်မှာ ကာယဗလမောင်နဲ့ ရုပ်ရှင်မင်းသား လုပ်ခဲ့ဖူးသူလို့ သူက ပြောပါတယ်။

သူဘာကြောင့် ဆီးနိတ် အမတ်ဖြစ်ချင်တာလဲ၊ သူ့မွေးရပ်မြေ မြန်မာပြည်အပေါ် သူ့ရဲ့ သဘောထားက ဘယ်လိုရှိလဲ ဆိုတာတွေကို မေးမြန်းထားတာ နားဆင်နိုင်ကြပါတယ်။
မိုဘီဂျီနို အစီအစဉ်
မိုဘီ ဂျီနို အစီအစဉ်ဟာ ဒီနေ့ခတ်ရဲ့ ရှင်သန်ရွေ့လျားနေတဲ့ မျိုးဆက် Mobile Generation (Mobi-Geno) အတွက် ရည်ရွယ်ပြီး ဒီမျိုးဆက်ထဲက လူငယ် လူရွယ်တွေ စိတ်ဝင်စားမယ့် အကြောင်း အရာတွေ တင်ဆက်ပေးနေပါတယ်။

ဒီကဏ္ဍနဲ့ ပတ်သက်ပြီး ဝေဖန်အကြုံပြုလိုရင်ဖြစ်ဖြစ်၊ ကိုယ့်ရဲ့ ထူးခြားတဲ့ အတွေ့အကြုံတွေ၊ အနာဂတ်အိပ်မက်တွေကို ဝေမျှပြောပြချင်လို့ပဲဖြစ်ဖြစ် ဆက်သွယ် နိုင်ကြပါတယ်။

အီးမေးလ်နဲ့ဆိုရင် burmese@bbc.co.uk ဖြစ်ဖြစ်၊ bbcburmese@gmail.com ကိုပဲ ဖြစ်ဖြစ် ဆက်သွယ်နိုင်သလို  BBC Burmese Facebook က Message ဆိုတဲ့ နေရာကနေလည်း ဆက်သွယ်နိုင်ပါတယ်။
မိုဘီဂျီနို ထုတ်လွှင့်ချိန်

မိုဘီ ဂျီနို အစီအစဉ်ကို နှစ်ပတ်တကြိမ် တနင်္လာနေ့ညတိုင်း ဘီဘီစီမြန်မာပိုင်း ရေဒီယို အသံလွှင့်အစီအစဉ်တွေမှာ နားဆင်နိုင်ပြီး ကြာသပတေး မနက်ခင်းမှာတော့ ထပ်မံ ထုတ်လွှင့်ပေးပါတယ်။

အခုအခါ ပြည်တွင်း ပတ္တမြား FM ကနေလည်း မိုဘီဂျီနို အစီအစဉ်ကို အပတ်စဥ် စနေနေ့ မနက် ၁၀ နာရီ ၂၅ မိနစ်အချိန်မှာ ထပ်မံ နားဆင်နိုင်ကြပါတယ်။

မိုဘီဂျီနို အစီအစဉ်ကို ကိုယ့်ရဲ့ ကွန်ပျူတာ၊ မိုဘိုင်းဖုန်း နဲ့ တက်ဘလက်တွေမှာ ဒေါင်းလုပ်လုပ်ထားပြီး နားဆင်ချင်တယ် ဆိုရင်တော့

ပေါ့ဒ်ကတ်စ် နဲ့ ဆောင်းကလောက် တွေကနေ ဒေါင်းလုပ်ယူပြီး နားဆင်နိုင်ပါတယ်။

E-mail me when people leave their comments –

You need to be a member of .LA to add replies!

Join .LA

Get Involved

I believe we need to fight to restore our faith in humanity.


Sincerely,

9207715?profile=RESIZE_180x180

Joshua Chit Tun
#rebelsenator
NextGenLeaders International

115 Advocates
Join Us!